Facebook အသုံးပြုသူများအတွက် တစ်စုံတစ်ယောက်ထံ Friend Request ပေးပို့ထားပေမယ့် လျစ်လျူရှုထားသူများကို ကြုံဖူးကြမှာပါ။ အဲဒီ တစ်စုံတစ်ယောက်ဟာ အပြင်လောကမှာ သင်နဲ့ သိကျွမ်းသူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ လိုအပ်ချက်တွေ ရှိကောင်း ရှိလို့ ဖြစ်နိုင်ပါတယ်။ သင့်ကို လျစ်လျူရှုထားသူတွေကို သိခြင်းအားဖြင့် ပြင်ပကမ္ဘာမှာ ပေါင်းသင်းဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို သင့်ရဲ့ Friend Request ကို လျစ်လျူရှုထားသူများကို သင် ဘယ်လို သိနိုင်မလဲ ? သင့်ရဲ့ Facebook မှ Digital Relationship ကနေ သင့်ကို လျစ်လျူရှုထားသူများကို သိနိုင်ဖို့ Facebook က နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။

Facebook ၀က်ဆိုက်ကိုသွားပြီး သင့်ရဲ့ အကောင့်နဲ့ Login ၀င်ပါ။ အပေါ်ထိပ်မှ Friends Icon ကို နှိပ်ပါ။

1

Drop-Down List ရဲ့ အောက်ခြေမှ See All ကို နှိပ်ပါ။
ဒီစာမျက်နှာမှာတော့ သင့်ထံ Friend Requests ပေးပို့ထားပြီး သင်က လျစ်လျူရှုထားသူများကို ပြသပေးထားပါတယ်။ ပြန်လည် စိစစ်ပြီး သူငယ်ချင်းအဖြစ် လက်ခံချင်သူများကို Confirm လုပ်နိုင်ပါတယ်။ သင့်ရဲ့ Friend Requests ကို လျစ်လျူရှုထားသူများကို ကြည့်ရှုဖို့အတွက် အပေါ်ထိပ်မှ View Sent Requests ကို နှိပ်ပါ။

ဒါဆိုရင် သင်က Friend Requests ပေးပို့ထားပေမယ့် သင့်ကို သူငယ်ချင်းအဖြစ် လက်မခံဘဲ လျစ်လျူရှုထားသူများ အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ Friend Request Sent ခလုတ်အပေါ်ကို Mouse Cursor တင်ထားရင် Drop-Down Menu တစ်ခုကို ပြသပေးမှာ ဖြစ်ပြီး Follow မလုပ်ချင်ရင် Cancel Request ကို နှိပ်နိုင်ပါတယ်။ နောက်အဆင့်မှာ Confirm လုပ်ပေးရမှာ ဖြစ်ပါတယ်။