အောင်မြင်သူတို့ အမူအကျင့် (၁၀၀) ၁၅။ အပြောင်းအလဲ လုပ်ပါ


အောင်မြင်သူတို့ အမူအကျင့် (၁၀၀)
၁၅။ အပြောင်းအလဲ လုပ်ပါ
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတဲ့ သဘောတရားတစ်ခုပါ၊ နေရာတစ်ခုတည်း၊ နယ်ပယ်တစ်ခု တည်း၊ လုပ်ငန်းတစ်မျိုးတည်း မှာ ကျင်လည်နေရတဲ့အခါ လူတွေဟာ ငြီးငွေ့မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပြောင်းအလဲ တစ်ခုခုကို လုပ်ဖို့လိုအပ်ပါတယ်။ လူတွေဟာ ကြီးပြင်းလာတာနဲ့အမျှ အပြောင်း အလဲ များစွာကို ကြုံတွေ့ကြရမှာပါ။ ကိုယ်ကိုယ်တိုင်အတွက်ရော၊ ကိုယ်ပတ်ဝန်းကျင်အတွက်ပါ အပြောင်း အလဲ လုပ်ဖို့ လိုအပ်တယ်လို့ မြင်မိတဲ့အခါ ရဲရဲဝင့်ဝင့် ပြောင်းလဲလိုက်ပါ။ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ အတွက် ကိုယ်က လုပ်ဆောင်နိုင်တယ် ဆိုတာကို ပြသနိုင်ဖို့ တကယ်လိုအပ်တဲ့ ပြောင်းလဲမှု တစ်ခုကို လုပ်ကြည့်လိုက်ပါ။
ပထမဆုံးကတော့ ကိုယ့်ကိုယ်ကို အရင်ဦးဆုံး ပြောင်းလဲလိုက်ပါ။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကိုယ့်မိသားစုကို ပိုပြီးတော့ အချိန်ပေးနိုင်မလား ? နေ့စဉ်နဲ့အမျှ ရှုပ်ထွေးနေတဲ့ အလုပ်တာဝန်တွေ ကြားထဲက ကျန်းမာရေးအတွက် လမ်းလျှောက်ထွက် ပေးနိုင်မလား ? အလုပ်တွေ တာဝန်တွေ ပိနေတဲ့ ကြားက ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာလို နေရမျိုးတွေကို သွားပြီးတော့ ခဏလောက် မေတ္တာတွေနဲ့ နှစ်သိမ့်မှုတွေ ပေးနိုင်မလား ? စက်ရုပ်တစ်ရုပ်လို အလုပ်တွေများနေတဲ့ကြားက အပြောင်းအလဲဖြစ်အောင် သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး ဖုန်းပြောနိုင်မလား ? အပြောင်းအလဲတစ်ခုခု မလုပ်ခဲ့ဘူးဆိုရင် ဖြစ်နိုင်ချေ ရှိတဲ့ အကျိုးဆက်က ဘာတွေများ ဖြစ်နိုင်လဲ ? အဲဒီလိုမျိုး အခြေခံအချက်လေးတွေကို စဉ်းစားကြည့်ပါ။ လူတော်တော်များများကတော့ အပြောင်းအလဲအတွက် မစွန့်စားရဲ ကြတာကိုလည်း သဘောပေါက် နားလည်ဖို့ လိုပါတယ်။ ပုံမှန်ကိစ္စ၊ အသေးဖွဲ့ ကိစ္စလေးတွေကိုပဲ လုပ်ကိုင်နေတာက စွန့်စားပြီး လုပ်ရတာထက် ပိုပြီးတော့ လွယ်သလို၊ ပိုပြီးတော့ စိတ်ချရတယ်ဆိုတာ ကတော့ မှန်ပါတယ်၊ ဒါပေမယ့် အဲဒီအတိုင်းဆိုရင်တော့ ကိုယ်ဟာ လူတွေထဲက သာမာန်လူ တစ်ယောက်ပဲ ဖြစ်နေမှာပါ။ ဖြစ်နိုင်သလောက် လေးကိုပဲ လုပ်နေမယ့်အစား လိုအပ်တဲ့၊ ဖြစ်သင့်တဲ့ အပြောင်းအလဲတစ်ခု ကို ခုပဲ လုပ်ဆောင်လိုက်ပါ။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …”
အောင်ကိုဦး (UMK)
Be the Best !

Credit to Aung Ko Oo - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment