၂၀၁၆ မှာ လူငယ်တွေ ဘာတွေ ပြင်ဆင်ထားကြမလဲ … ? (၁)


၂၀၁၆ မှာ လူငယ်တွေ ဘာတွေ ပြင်ဆင်ထားကြမလဲ … ? (၁)
+++++++++++++++++++++++++++++++++++++++++++
များမကြာခင်ကာလမှာ ၂၀၁၅ ခုနှစ် ကုန်ဆုံးပြီး ၂၀၁၆ ကို ကူးပြောင်းပါတော့မယ် … ကျွန်တော့်တို့ မြန်မာပြည်မှာလည်း အစိုးရသစ်တစ်ရပ်နဲ့ အတူ … နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အပါအဝင် ပြည်တွင်း လုပ်ငန်း တွေလည်း အတိုင်းအတာတစ်ခုအထိ မြန်ဆန်ချောမွေ့လာပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း တွေလည်း ပိုမိုပွင့်လင်းလာကြပါတော့မယ် … ။ လူငယ်တွေ ဘာတွေ ပြင်ဆင်ထားကြမလဲ … ? လူငယ်တွေ ပြင်ဆင်ထားဖို့လိုအပ်တဲ့ Soft Skills တွေကို ရေးသားပါမယ် …
၁။ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု
---------------------------------------
လူတစ်ယောက်ဟာ အသိပညာဗဟုသုတ ပြည့်စုံဖို့အတွက် နယ်ပယ် အသီးအသီးကို သိနေဖို့ လိုပေမယ့် တကယ် အသုံးချဖို့အတွက်တော့ တစ်ခုခုကို တတ်ကျွမ်းကျင်ထားဖို့လိုပါတယ်။ ဒီနေရာမှာ သိတာနဲ့ တတ်တာကို ကွဲပြားဖို့လိုပါတယ် … သိတာက Knowledge ဖြစ်ပြီးတော့ တတ်တာက Skill ပါ၊ သိနေရုံလောက်နဲ့ လုပ်ငန်းခွင်မှာ အဆင်မပြေပါ … တကယ်တတ်ကျွမ်းကျင်ဖို့ လိုပါတယ် … ။ တကယ် တတ်ကျွမ်းကျင်ဖို့ အတွက်ကတော့ စဉ်ဆက်မပြတ်လေ့ကျင့်နေဖို့လိုပါတယ် … ။ ကျွန်တော်ရေးခဲ့ဖူးတဲ့ ဘဲပုံပြင်ထဲကလို ဟိုစပ်စပ် ဒီစပ်စပ်တွေ မလုပ်ကြပါနဲ့တော့ … တစ်ခုခုကို ဇောက်ချရွေးချယ်ပါ … ပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် ပြင်ဆင်ထားကြစေချင်ပါတယ် … ။
၂။ ဘာသာစကားကျွမ်းကျင်မှု
--------------------------------
သက်ဆိုင်ရာ သက်မွေးဝမ်းကျောင်းပညာရပ်ကို ကျွမ်းကျင်ပေမယ့် ပညာရေးစနစ်ရဲ့ လွဲမှားမှုအောက်မှာ အင်္ဂလိပ်စာကို (၁၀) နှစ်ကျော်ကြာပြီး ထိုက်သင့်သလောက် မတတ်မြောက်ခဲ့ ကြပါဘူး။ ဒီနေ့ခေတ်မှာ အင်္ဂလိပ်ဘာသာစကားဟာ မရှိမဖြစ်လောက်ကို အရေးပါနေပါပြီ။ ဘာသာစကား တစ်ခုဆိုတာ ကွန်ပျူတာမှာ ဆော့ဝဲလ်သွင်းသလို မြန်မြန်ဆန်ဆန် ရမလာနိုင်တဲ့ အတွက် ကျေးဇူးပြုပြီး မပေါ့ဆပါနဲ့ … အချိန်ဆိုတာ ကုန်မှန်းမသိ ကုန်သွားတာပါ … ကတယ့်အချိန်ရောက်မှ … မရှုနိုင်မကယ် နိုင် ဖြစ်တတ်ပါတယ် …။ အင်္ဂလိပ်ဘာသာစကားအပြင် ဖြစ်နိုင်ရင်တော့ တရုပ်၊ ဂျပန် နဲ့ ကိုရီးယား ဘာသာစကား တွေဟာလည်း ရင်းနှီးမြှပ်နှံမှု အခြေအနေတွေအရ လိုအပ်ချက် များလာနိုင်ပါတယ်။
၃။ နည်းပညာ ကျွမ်းကျင်မှု
-----------------------------
နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ဆိုတာမှာ အထူးသဖြင့် ကွန်ပျူတာ နဲ့ အွန်လိုင်း အသုံးပြုမှုပါ။ ကွန်ပျူတာ နဲ့ အင်တာနက်ကို စာရိုက်ရုံ၊ ချက်တင်ထိုင်ရုံ လောက်နဲ့တော့ အဆင်မပြေပါ။ Email တစ်စောင်ကို သတ်သတ်ရပ်ရပ်နဲ့ စနစ်တကျ ပို့တတ်ဖို့လိုပါတယ်။ ကွန်ပျူတာကို နေ့တိုင်းကိုင်နေပြီးတော့ Zip ဖိုင်ကို မဖြေတတ်၊ Power Point ကို သေသေချာချာ မပြင်တတ်၊ အသေးစား error လေးတွေက အစနားမလည်တဲ့ ကိစ္စမျိုးတွေ ဒီနေ့အထိ တွေ့နေရဆဲပါ။ လုပ်ငန်းကိစ္စအဝဝမှာ ဘာသာစကားက တိုက်ရိုက် ဆက်ဆံဖို့အတွက် မရှိမဖြစ်လိုအပ်သလို လုပ်ငန်းဆောင်ရွက်ချက်တွေ မှန်သမျှကလည်း ကွန်ပျူတာ အင်တာနက်နဲ့ ပဲ ဆက်သွယ်ရမှာ ဖြစ်တဲ့အတွက် Official သုံးတတ်ဖို့လိုပါတယ်။
၎။ သတင်းအချက်အလက် နဲ့ ဗဟုသုပြည့်စုံမှု
--------------------------------------------------
ဒီနေ့ခေတ်ကြီးဟာ သတင်းအချက်အလက်တွေဟာ အင်မတန် အလျင်အမြန် စီးဆင်းနေပါတယ်။ တစ်ချက်မသိလိုက်တာနဲ့ အခွင့်အရေးတစ်ခု လက်လွတ်ဆုံးရှုံးနိုင်ပါတယ်။ ထို့အတူ သတင်းအမှားတွေ သတင်းအယောင်တွေကလည်း များလှတဲ့အတွက် စဉ်းစားဆင်ခြင်နိုင်ဖို့အတွက် ဗဟုသုတ ပြည့်စုံဖို့ လိုပါတယ်။ အရေးကြီးတာက စာဖတ်ဖို့ပါ … ခုအချိန်မှာ စာအုပ်အထူကြီးတွေ ကိုင်ဖတ်စရာမလိုဘဲ အွန်လိုင်းမီဒီယာတွေမှာ ဖတ်လို့ရနေပြီဖြစ်သလို e-book တွေလည်း ဖတ်လို့ရနေပါပြီ … ။ ရတဲ့ အချိန်ကိုလုပြီး စာဖတ်ဖို့ အနည်းဆုံး တစ်နေ့ ၁ နာရီလောက် အချိန်ပေးပေးပါ။ သုတကို လည်း ဖတ်ဖို့လိုသလို လူမှုဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့ နူးညံ့တဲ့ နှလုံးသားနဲ့ မှန်ကန်တဲ့ စိတ်ထားရှိဖို့ ရသ စာပေတွေလည်း ဖတ်ဖို့ လိုပါတယ် … ။
နောက်အချက်တွေကိုလည်း ဆက်ရေးပါဦးမယ် …
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to  Aung Ko U - UMK

မူရင်းလင့် =>  https://www.facebook.com/aungkouumk/posts/792646840862106:0
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment