စဉ်းစားပြီးမှ ယုံပါ


စဉ်းစားပြီးမှ ယုံပါ

--------------------
တစ်ခါတုန်းက တောအုပ်ကြီးတစ်ခု အင်မတန် ပါးနပ်တဲ့ ယုန်တစ်ကောင်ရှိပါတယ်။ အဲဒီယုန်ကို ဝံပုလွေ နဲ့ မြေခွေးက ကြည့်လို့မရဘူးတဲ့ … ဒါနဲ့ တစ်နေ့မှာတော့ ဝံပုလွေ က မြေခွေးကို ပြောတယ်။ ငါတို့ ဒီယုန်ကို သတ်ပြီး စားဖို့ ကြံရအောင် … မြေခွေးက မင်းက ဘယ်လို လုပ်မှာလဲ … ? ငါပြောတဲ့ အတိုင်းလုပ် … မင်း အခု အိမ်ကိုပြန် … အိပ်ရာထဲဝင်ပြီးတော့ သေချင်ယောင်ဆောင်နေ … ငါက ယုန်ဆီကို သွားမယ် မင်းသေပြီလို ပြောလိုက်မယ် … အဲဒါဆိုရင် ယုန်က မင်းကို ကြည့်ဖို့ လာလိမ့်မယ် … မင်းအနားကို ယုန် ရောက်လာရင် … ခုန်အုပ်ပြီး ဖမ်းလိုက် … ဒါဆိုရင် ငါတို့ ဒီကောင့်ကို စားလို့ရပြီ … ဆိုပြီးတော့ ဝံပုလွေက ပြောပါတယ် … ။
မြေခွေးလည်း အိမ်ပြန်ပြီး အိပ်ရာပေါ်မှာ သေချင်ယောင်ဆောင်နေတာပေါ့ … အဲဒီအချိန်မှာ ဝံပုလွေက ယုန်ရဲ့ အိမ်ဆီကို သွားခဲ့တယ်။ ယုန့်အိမ်ကို ရောက်တော့ … ဝံပုလွေက … “ကိုရွှေယုန် … ကိုရွှေယုန် ရေ …” … “ဘာတုန်းဗျ” လို့ ယုန်က ပြန်ထူးပါတယ် … “ခင်ဗျား သနားစရာ မြေခွေးအကြောင်း ကြားမိသေးလား” လို့ မြေခွေးက မေးပါတယ် … ။ “ဟင့်အင်း … မြေခွေးအကြောင်း ကျုပ် ဘာမှ မကြားမိပါလား …. ဘာထူးလို့ ပြောပါဦးဗျ” လို့ ယုန်က ဖြေပါတယ် … “အင်းဗျာ … မနေ့ညကပဲ ကိုမြေခွေးက ရုတ်တရက် အမောဖောက်ပြီး ဆုံးသွားပြီဗျ … သနားပါတယ်ဗျာ … သူက နဂိုကတည်းက နှလုံးရောဂါ အခံရှိတာ ခင်ဗျားလည်း သိသားပဲ” လို့ မြေခွေးက ဝမ်းနည်းသံလေးနဲ့ ပြောပြီး ပြန်သွားပါတယ်။
ယုန်ကလည်း မြေခွေး အခြေအနေကို ကြည့်ဖို့ သူ့အိမ်ကို သွားပါတယ်။ ယုန်က မြေခွေးအိမ်ကို ရောက်တော့ ပြတင်းပေါက်က ကြည့်လိုက်တာ မျက်လုံးလေး မှိတ်ပြီးတော့ သေနေတဲ့ ပုံစံနဲ့ မြေခွေးကို အိပ်ရာပေါ်မှာ တွေ့ပါတယ် … ။ ဒါနဲ့ ယုန်က အထဲကို ဝင်ပြီးတော့ ကြည့်ရင်း စိတ်ထဲက တွေးနေပါတယ်…။ “အင်း … ဒီမြေခွေး တကယ်သေလား … မသေလား စစ်ကြည့်ရမယ် … တကယ်လို့ မသေရင်တော့ ငါ့ကို အန္တရယ်ပေးနိုင်တယ် … ” အဲဒီလိုတွေးပြီးတော့ “ဒီမြေခွေးက ဝံပုလွေပြောတော့သာ သေတယ်ပြောတယ် … သေနေတဲ့ပုံလည်း မပေါက်ပါလား …. သေနေတဲ့ မြေခွေးတွေဆိုတော ပါးစပ်လေးဟနေတာ … ” လို့ ပြောလိုက်ပါတယ် … ။ အဲဒါကိုလည်း မြေခွေးက ကြားရော … စိတ်ထဲက “ဒီယုန်ကို စားရဖို့အတွက် ငါသေကြောင်း သက်သေပြမှ ဖြစ်မယ်” လို့ တွေးပြီး သေကြောင်း သက်သေပြဖို့အရေး ပါးစပ်လေးကို ဟပြ လိုက်ပါတော့တယ် … ။
ယုန်က မြေခွေးပါးစပ်ဟတာလည်း မြင်ရော လှစ်ကနည်း ပြတင်းပေါက်က ခုန်ထွက်ပြီး ပြေးသွားပါတော့တယ်။
ဝံပုလွေ နဲ့ မြေခွေးရဲ့ ယုန်ကို ဖမ်းပြီးစားမယ့် အစီအစဉ်လည်း ပျက်သွားပါလေရော …
ပုံပြင်လေးကတော့ ဒါပါပဲ … စာဖတ်သူများ အနေနဲ့ ဒီပုံပြင်လေးမှာ … မြေခွေးက ယုန်ပြောတာကို အယုံလွယ်တဲ့ ခပ်ပိန်းပိန်း လို့ ထင်ကောင်းထင်နိုင်ပါတယ် … ယုတ္တိမရှိတာကို ယုံတဲ့ ခပ်ညံ့ညံ့ လို့ ယူဆနိုင်ပါတယ် … ။ စာဖတ်သူက လူဆိုတော့ စဉ်းစားဆင်ခြင်ဥာဏ်ရှိတော့ မြေခွေး ပိန်းတာကို သိတာပေါ့ … ဒါပေမယ့် တစ်ခါတစ်လေ ကျွန်တော်တို့ လူသားတွေကိုယ်တိုင် စဉ်းစားဆင်ခြင်မှု အားနည်းပြီး အယုံလွယ်ကြတာတွေက များသား မဟုတ်လား … ဥပမာ - ဒီပိုစ့် ကို Share လိုက်ရင်ဖြင့် လဒ်ကောင်းတယ်၊ ငွေဝင်မယ် စသဖြင့်တွေကို လည်း အပျော်သဘောနဲ့လား ယုံလို့ပဲလား Share နေကြတာ တွေပဲ ကြည့်ကြည့်ပေါ့ … ဘယ်လိုမှ ယုတ္တိမတန်တဲ့ ကိစ္စလေ … Share လိုက်လို့ငွေရလာတယ် ဆိုရင်တောင် တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်မှာလေ … အဲလိုသာ အဲဒါတွေကို share လို့ ငွေဝင်မယ်ဆိုရင် ကျွန်တော် အလုပ်မလုပ်တော့ဘူး … အွန်လိုင်းပေါ်မှာ အဲလို post တွေပဲ ရှာပြီး လိုက် share နေတော့မယ်။
ဒါက အလွယ်ဆုံး ဥပမာ တစ်ခုပါ … အွန်လိုင်းပေါ်မှာဆို စဉ်းစားဆင်ခြင်မှု အားနည်းတဲ့ အယုံလွယ်တဲ့ ကိစ္စမျိုးတွေ စာဖတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာ ခဏ ခဏ လိုလို တွေ့နိုင်ပါတယ် … ဘာပဲ ဖြစ်ဖြစ် … ကိစ္စတစ်ခုကို စဉ်းစားပါ .. သုံးသပ်ပါ … ဆင်ခြင်ပြီးမှ ယုံတဲ့ အလေ့အထလေးတော့ ရှင်သန်စေချင်ပါတယ် …. ။
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be The Best !

Credit to Aung Ko U - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment