နှစ်သစ်မှာ လုပ်သင့်တာလေးတွေ … (၂)

 

နှစ်သစ်မှာ လုပ်သင့်တာလေးတွေ … (၂)
+++++++++++++++++++++++
နှစ်သစ်တစ်ခုကို ရောက်ပြီဆိုတာနဲ့ နှစ်ဟောင်းက ကိစ္စတွေ ပြန်သုံးသပ်ပြီးရင် နှစ်သစ်မှာ ဘာတွေ လုပ်ကြမလဲဆိုပြီးတော့ နှစ်သစ် သန္ဒိဌာန် (New Year Resolution) တွေ ချမှတ်လေ့ ရှိပါတယ် … အဲဒီအထဲက မှ အများနဲ့ သင့်တော်မယ့် အကြောင်းအရာတွေကို ရွေးချယ် ရေးသားလိုက်ပါတယ် … ။
၁။ စိတ်ဖိစီးမှု လျော့ချပါ
စိတ်ဖိစီးမှုတွေများလာတာနဲ့ အမျှ လုပ်ငန်းဆောင်တာ ကိစ္စ အဝဝ ကို အနှောက်အယှက်ပေးပါတယ်။ နှစ်သစ်မှာ စိတ်သစ်နဲ့ စိတ်ဖိစီးမှု တွေ တတ်နိုင်သမျှ လျော့ချပါ။
၂။ တတ်နိုင်သမျှ ပါဝင်ပါ
ကိုယ်တတ်နိုင်သလောက်ကို ကာယအား၊ ဓနအား၊ ဥာဏ အား တစ်ခုခုနဲ့ လူမှုအဖွဲ့အစည်းမှာ ပါဝင်ပေးပါ။ လူမှုအသိုင်းအဝိုင်းမှာ ပါဝင်ကူညီခြင်းဖြင့် ငြိမ်းချမ်းသာယာတဲ့ ဘဝကို တည်ဆောက် နိုင်ပါလိမ့်မယ်။
၃။ ပိုက်ဆံစုပါ
ငွေရေးကြေးရေး ဖူလုံနေတာဟာလည်း ပျော်စရာတစ်ခုပါ၊ ကိုယ့်အနာဂတ်ကို တည်ဆောက်ဖို့ ငွေဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ၊ ဒါကြောင့် သုံးသင့်တာ သုံး၊ ဝယ်သင့်တာ ဝယ်ပြီးရင် စုသင့်သလောက်လည်း တစ်နှစ်စာ target ထားပြီး နည်းနည်းစီ စုဆောင်းပါ။
၎။ အလုပ် နဲ့ ဘဝ မျှပါစေ
တစ်ခါတစ်လေ အလုပ်တွေပဲ နင်းကန်လုပ်ပြီး မိသားစု၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ကင်းကွာ လာတတ်ပါတယ်။ အလုပ်ကိုလည်း လုပ်သလို မိသားစု နဲ့ ပတ်ဝန်းကျင်ကိုလည်း အချိန်ပေးနိုင်အောင် ကြိုးစားပါ။
၅။ အစီအစဉ်တကျ လုပ်ကိုင်ပါ
လုပ်ငန်းကိစ္စတွေကို အစီအစဉ်တကျ လုပ်ကိုင်တတ်တာကလည်း အလုပ်ကိစ္စတွေ အချိန်မီပြီးစီး ပြီးတော့ စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စာရင်းပြုစု ထားခြင်းက ကိုယ့်ရဲ့လုပ်ငန်းတွေ ပြီးမြောက်စေဖို့ အကူအညီပေးပါလိမ့်မယ်။
၆။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေပါ
မိသားစုနဲ့ ပျော်ပျော်ရွှင် နေထိုင်ပြီးတော့ အမှတ်ရစရာ အဖြစ်အပျက်တွေ ဖန်တီးတာဟာ စိတ်လက်ပေါ့ပါး ပျော်ရွှင်ပြီးတော့ ဘဝမှာ ပိုပြီး အောင်မြင်နိုင်ပါတယ်။
၇။ ခရီးသွားပါ
ခရီးသွားခြင်းကလည်း စိတ်အပန်းပြေစေသလို လုပ်ငန်းခွင်အတွက် အားသစ်တွေ တိုးစေပါတယ်။ ခရီးသွားဖို့အတွက် ဘတ်ဂျက်ကိုလည်း ကြိုတင် တွက်ဆထားပါ။
၈။ နေရာရှိရင် အိမ်မွေးတိရိစ္ဆာန်မွေးပါ
အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးထားပြီး သူတို့နဲ့ ကြည်နှုးရတာလည်း စိတ်သက်သာစေပါတယ်။ ဒါကတော့ အိမ်မွေးတိရိစ္ဆာန် ချစ်တတ်ပြီးတော့ နေရာလည်း ရှိတဲ့ သူတွေ အတွက်ပါ။
၉။ စံချိန်တွေကို ချိုးဖျက်ပါ
ကိုယ်ရဲ့ လုပ်နိုင်စွမ်းအား၊ ငွေကြေးစုဆောင်းနိုင်မှု စတာတွေကို မနှစ်က စံချိန်ထက် ကျော်လွန်နိုင်အောင် သတ်မှတ်ပြီး ကြိုးစားပါ။

နှစ်သစ်မှာ လုပ်သင့်တာလေးတွေ … (၁) ကို http://myanmarspirit.blogspot.sg/2016/01/blog-post_9.html မှာ ဖတ်ရှုနိုင်ပါတယ် … ။
နောက်အချက်တွေကိုလည်း အလျင်းသင့်ရင် ဆက်ရေးပါဦးမယ် …
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to  Aung Ko U - UMK

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment