♪ ခုနစ်ကြိမ်မြောက်ဘားကမ့် ရန်ကုန်အား ကျင်းပမည့်နေ့အထိ မှတ်ပုံတင်ပြုလုပ်နိုင်မည် ♫

ခုနစ်ကြိမ်မြောက်ဘားကမ့်ရန်ကုန်အား ကျင်းပမည့်နေ့အထိ အွန်လိုင်းမှတ်ပုံတင် (Register) ပြုလုပ် နိုင် မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်မှ စတင်ကျင်းပလာခဲ့ခြင်းဖြစ်သော အဆိုပါဘားကမ့်၏ (၇) ကြိမ်မြောက် အစီအစဉ်ကို ဇန်နဝါရီလ ၃၀ နှင့် ၃၁)ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း၊ နှစ်စဉ် ကျင်းပနေကျ နေရာဖြစ်သည့် MICT Park တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရန် Link ကို ဘားကမ့်ရန်ကုန်၏ ဖေ့စ်ဘုတ်စာမျက်နှာ barcampyangon နှင့် ဝက်ဘ်ဆိုက် www.barcampyangon.org တွင် ထုတ်ပြန်ပေးထားကြောင်း သိရသည်။ BarCamp Yangon မှာ နည်းပညာတစ်ခုတည်းအတွက် ရည်ရွယ်၍ ကျင်းပခြင်းမဟုတ်ဘဲ အခြားသော ကဏ္ဍများမှ ဝင်ရောက် ဆွေးနွေး ဝေမျှနိုင်မည်ဖြစ်ကြောင်း သိရသည်။

BarCamp Yangon 2016 တွင် စပွန်ဆာ ပြုလုပ်လိုသူများအားလည်း ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးတွင် ဆက်သွယ်နိုင်ကြောင်း သိရသည်။ တက်ရောက်လိုသူများအတွက် တက်ရောက်ခွင့် လက်မှတ်များကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ အွန်လိုင်းမှတ်ပုံတင် ပြုလုပ်နိုင် မည်ဖြစ်သည်။

ဆွေးနွေးချိန်တစ်ခုအတွက် ၄၅ မိနစ်ခန့် ခွင့်ပြုထားပြီး Projector များ၊ မိုက်ကရိုဖုန်းများအား BarCamp Yangon 2016 ဖြစ်မြောက်ရေးအဖွဲ့မှ ထောက်ပံ့ပေးထားမည်ဟု သိရသည်။

Credit to  Internet Journal
 
ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment