အဓိက နှင့် သာမည


အဓိက နှင့် သာမည

လူသားတိုင်းတွင် နေ့စဉ်နှင့်အမျှ လိုအပ်ချက်များ၊ လိုချင်မှုများ
မြောက်များစွာကို ကြုံတွေ့ ကြရပါသည်။ ထိုသို့ တွေ့ကြုံကြရာတွင် အချို့သည်
မရှိမဖြစ် အရေးကြီးသော်လည်း၊ အချို့မှာကား မရှိမဖြစ် အရေးမကြီးပါ။
မရှိမဖြစ် (essential) အရေးကြီးသော ကိစ္စများကို လိုအပ်ချက် (need) ဟု
သတ်မှတ်နိုင်ပြီး၊ အရေးမကြီးသော(extra)၊ မိမိဆန္ဒရှိသော ကိစ္စများကို
(want) ဟု သတ်မှတ်နိုင်ပါသည်။ ထိုအချက်နှစ်ချက်ကို ကွဲကွဲပြားပြား
မြင်တတ်ရန် နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။
ပုထုဇဉ် လူသားမှန်သမျှ လိုချင်တပ်မက်ခြင်း ဆန္ဒ ရှိကြသည်မှာ အမှန်ပင်
ဖြစ်ပါသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ ပတ်ဝန်းကျင်အလိုက် လိုချင်တောင့်တ
ကြပါလိမ့်မည်။ ဆိုလိုသည်မှာ ကလေးငယ် တစ်ယောက်က ကစားစရာ အရုပ်လှလှ များကို
လိုချင်မည် ဖြစ်သော်လည်း လူကြီးများက မူ Ipad ကိုလိုချင်မည့်သူ ရှိသလို၊
Samsung Galaxy S IV လိုချင်သူလည်းရှိမည်။ မြေကွက်များကို လိုချင်သူ
လည်းရှိမည်၊ စာအုပ်များကို လိုချင်သူလည်း ရှိမည် စသည် စသည်ဖြင့်
နယ်ပယ်အလိုက် လိုချင်တောင့်တမှု (want) များ ရှိကြပါလိမ့်မည်။ ထို့အတူ
လိုအပ်ချက် (need) များလည်းရှိကြပါလိမ့်မည်။
ထိုအချက်နှစ်ချက်သည် ကွဲပြားသယောင်နှင့် မကွဲပြားတတ်ကြပါ။ ယနေ့ခေတ် လူငယ်
တစ်ယောက် အနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကို လေ့လာကြရာတွင် ကွန်ပျူတာ
တစ်လုံး (laptop ဖြစ်စေ၊ desktop ဖြစ်စေ) လိုအပ်ကြသည်က များပါသည်။
သို့ရာတွင် ထိုကွန်ပျူတာကို မည်မျှ အတိုင်းအတာအထိ အသုံးပြုမည်နည်း၊
ထိုအပေါ်တွင် မူတည်က want နှင့် need ကို ခွဲခြားကြရပါမည်။ သာမာန်
တစ်ကိုယ်ရည်သုံးရန် အတွက်သာဖြစ်ပြီး လုပ်ငန်းသုံးရန် အတွက် မဟုတ်ပါက
Dual Core လောက်ဆို လုံလောက်ပါသည်၊ သို့သော် သူများတစ်ကာတွေ i3, i5, i7
ဆိုလျှင် ကိုယ်ကလည်း i3, i5, i7 လိုချင်ကြပါသည်။ မိမိအသုံးပြုမည့်
ကိစ္စရပ်များအတွက် Dual Core ဖြင့်လုံလောက်လျှင် ၎င်းသည် need ဖြစ်ပြီး i3,
i5, i7 များသည် want ဖြစ်သည်ကို ကွဲပြားခြားနားရန်လို ပါသည်။
ကွဲပြားခြားနား သည့်အတိုင်း ဆောင်ရွက်နိုင်ရန်လိုပါသည်။
မိမိဆောင်ရွက်ရမည့် ကိစ္စများသည် Dual Core ဖြင့် မစွမ်းနိုင်၍ i3 မှသာ
ဆောင်ရွက်နိုင်မည်ဆိုလျှင် ၎င်းသည် need ဖြစ်လာပါလိမ့်မည်၊ လက်ရှိအခြနေဖြင့်
သုံး၍ရသော်လည်း ပိုကောင်းသည်ကို တောင့်တသည်မှာ need မဟုတ်ဘဲ want
သာဖြစ်ပါသည်။ စာရေးသူလည်း ipad၊ ကွန်ပျူတာ i7 စသည်များကို လိုချင်ပါသည်၊
သို့သော် စာရေးသူအတွက် ထိုအရာများသည် need မဟုတ်သေးပါ။ need ဖြစ်လာသည့်
အချိန်တွင် ကြိုးစား ဝယ်ရပါမည်။
မိမိတွင် သင့်တင့်လျောက်ပတ်သော အဝတ်အစားများ ရှိသော်လည်း ပွဲလမ်းသဘင်၊
အခမ်းအနား မင်္ဂလာဆောင်၊ ဘွဲ့ယူ စသည်ဖြင့် တက်ရောက်ရန် ရန်အတွက် အဝတ်အစား
ကောင်းကောင်း မရှိသည့်အခါ ဝယ်ရမည့် အဝတ်အစားကို need အဖြစ်
သတ်မှတ်နိုင်သည်။ သို့ရာတွင် လစာထုတ်ရက် အပြန် shopping center ကို
ဝင်ပါသည်၊ လျှောက်ကြည့်သောအခါ အဝတ်အစား လှလှလေးများ တွေ့ပါသည်၊
ကြိုက်သည့် ပုံစံ၊ အဆင်လေးများ တွေ့သည့်အခါ အိတ်ထဲမှာလည်း
ပိုက်ဆံပါနေတော့ ဝယ်လိုက်ပါသည်။ ထိုကိစ္စမှာ want ဖြစ်ပါသည်။
ဆယ်တန်းအောင်မြင်ပြီးသည့် အချိန်တွင် ရန်ကုန်နေသူများကလည်း
သင်တန်းများတက်ကြသလို နယ်တွင် နေသူများကလည်း သင်တန်းတက်ရန် ရန်ကုန်သို့
လာကြပါသည်။ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ LCCI၊ HR၊ ဆေးဝါးကျွမ်းကျင် စသည်ဖြင့်
သင်တန်းမျိုးစုံကို တက်ကာ Certificate မျိုးစုံ စုဆောင်း ကြပါသည်။
စာရေးသူ၏ အချို့သော သင်တန်းသား၊ သင်တန်းသူများတွင် ရှိသော Certificate
များသည် အိမ်ဆောက်သည့်အခါ အမိုး မိုး၍ပင် ရနိုင်ပါသည်။ တကယ်တန်း
အလုပ်ရှာကြသော အခါ Certificate မျိုးစုံ ပိုင်ဆိုင်ထားသော်လည်း
အခက်အခဲတွေ့ကြပါသည်။ အဓိက နှင့် သာမည မကွဲပြားသည့် ပြဿနာ ပင်ဖြစ်ပါသည်။
မိမိ ဘာဖြစ်ချင်သည်ကို မစဉ်းစားပဲ အများတကာ ကောင်းသည် ကောင်းသည် ဟု
ပြောကြသော သင်တန်းဟူသမျှကို တက်ကြပါသည်။ တတ်သင့်သည့် ပညာရပ်များ
အားလုံးကို တတ်ကျွမ်းသည် မှာ ကောင်းမွန်သော်လည်း မိမိ လိုအပ်ချက်နှင့်
ကိုက်ညီသည့် သင်တန်းများကိုသာ တက်သင့်ပါသည်။ သူနာပြုအလုပ်၊
ဆေးဝါးကိစ္စများကို စိတ်မဝင်စားပဲ အများတကာယောင်လို့ ဆေးဝါးကျွမ်းကျင်
တက်လျှင် အချီးအနှီး ပင်ဖြစ်ပါလိမ့်မည်။ ထို့အတူ သင်္ချာဆိုလျှင် ၁ နှင့် ၁
ပေါင်းရမည် ကိုပင် စိတ်မဝင်စားသူက LCCI တက်သောအခါ လမ်းတစ်ဝက်တွင်
ရပ်သွားပါလိမ့်မည်။ ဆိုလိုသည်မှာ ဆရာဝန်က LCCI တက်ဖို့မလိုသလို B.Com
ဘွဲ့ရက Graphic Design တက်ရန်မလိုအပ်ပါ။ သိုသော် အမှန်တကယ် ဝါသနာပါ၍
လုပ်ငန်းပြောင်းလိုပါက တက်နိုင်ပါသည်။
သင်တန်းမတက်မီ မိမိ ဘာလုပ်ချင်လဲ ဦးစွာစဉ်းစားရပါမည်၊ ထိုလုပ်ငန်းအတွက်
ဘာလိုအပ်လဲ (need) ကိုလေ့လာရပါမည်။ ထိုလိုအပ်ချက် (need) ကို အဓိက
ဖြည့်ဆည်းရပါမည်။ လိုအပ်ချက်များ ပြည့်စုံသည့်အခါ လုပ်ချင်သော အလုပ်ကို
တစ်စိုက်မတ်မတ် လျှောက်ကြည့်ပါ။ အလျင်းသင့်လို့ ပြောလိုသည်မှာ "ရရာ
အလုပ်ကို လိုက်လျှောက်မနေပဲ လုပ်ချင်တဲ့ အလုပ်ကိုပဲ ရအောင်လျှောက်ပါ"
လုပ်ချင်သော အလုပ်အတွက် လိုအပ်ချက်များ ပြည့်စုံနေရန်တော့လိုပါသည်။
ဆရာဝန်တစ်ယောက်က ဆေးပညာကို သမိုင်းအစကပင် ယနေခေတ် နောက်ဆုံးနည်းပညာများ
အထိ သိအောင်၊ တတ်အောင် ကြိုးစားရပါမည်။ ကျောင်းဆရာဆိုပါကလည်း
ပညာရေးနှင့်ပတ်သက်သော ကိစ္စမှန်သမျှ တတ်ကျွမ်းပိုင်နိုင်သင့်ပါသည်။
စစ်သားက စစ်ပညာတတ်ရပါမည်၊ နိုင်ငံရေးသမားက နိုင်ငံရေး နားလည်ရပါမည်။
ယနေ့ခေတ်ကာလတွင် မည်သည့်နယ်ပယ်တွင်မဆို မိမိသက်ဆိုင်ရာ သက်မွေး
ဝမ်းကြောင်း ပညာရပ် ပြီးလျှင် အဓိက တတ်မြောက်ထားသင့်သည်မှာ ကွန်ပျူတာ၊
အင်္ဂလိပ် ဘာသာစကား နှင့် လူမှုဆက်ဆံရေးပညာပင် ဖြစ်ပါသည်။ ကျန်သည့်
စီးပွားရေးအကြောင်း၊ ဘဏ်အကြောင်း၊ ဥပဒေအကြောင်း၊
ကုန်သွယ်ရေးလုပ်ငန်းအကြောင်း စသည့် နယ်ပယ်အသီးသီးကို သိကျွမ်းလျှင်
ကောင်းပါသည်၊ သို့သော် မိမိနယ်ပယ်နှင့် တိုက်ရိုက် မသက်ဆိုင်လျှင်
အဓိကမကျလှပါ၊ လိုအပ်လာပါက တတ်ကျွမ်းသူများနှင့် တိုင်ပင်ကာ
ဆောင်ရွက်နိုင်ပါသည်။ လူတိုင်းသည် မိမိသက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်
ပိုင်နိုင်နေပါလျှင် နိုင်ငံတစ်ခုလုံးအနေဖြင့်ပါ ဟန်ချက်ညီညီ
ဖွံ့ဖြိုးတိုးတက်ပါလိမ့်မည်။
လူတိုင်းအတွက် နေ့စဉ်နှင့်အမျှ တွေ့ကြုံနေကြရသော
အသေးအဖွဲ့ကိစ္စရပ်များမှသည် ဘဝနှင့်ဆိုင်သော ကိစ္စရပ်များအထိ
ကိစ္စအရပ်ရပ်တွင် လူငယ်တိုင်း လိုအပ်ချက် (need) နှင့် လိုချင်မှု (want)၊
အဓိက နှင့် သာမည ကို ကွဲကွဲပြားပြား သတ်မှတ်ကာ မိမိသက်ဆိုင်ရာ
လုပ်ငန်းခွင်တွင် တစ်ဖက်ကမ်းခတ် တမ်းကျွမ်းပိုင်နိုင်အောင်
လိုအပ်ချက်များကို ဖြည့်ဆည်းကာ အောင်မြင်နိုင်ကြပါစေ ကြောင်း ရည်ရွယ်ကာ
ရေးသား မျှဝေလိုက်ပါသည်။
“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ … ”
အောင်ကိုဦး(UMK)
Be The Best !

Credit to Aung Ko U - UMK

Source => https://www.facebook.com/aungkouumk/posts/470396926420434:0

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment