ပရော်ဖက်ရှင်နယ်တွေ လုပ်လေ့ရှိတဲ့ အလေ့အထများ

 

ပရော်ဖက်ရှင်နယ်တွေ လုပ်လေ့ရှိတဲ့ အလေ့အထများ

+++++++++++++++++++++++++++++++
များစွာသော စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ နဲ့ ခေါင်းဆောင်တွေဟာ သူတို့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ တကယ့်ကို ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ တကယ့်ကို လွှမ်းမိုးနိုင်တဲ့ သူတွေ ဖြစ်လိုကြပါတယ် … ဒါပေမယ့် သူတို့ကျွမ်းကျင်တဲ့ နယ်ပယ်မှာ ယုံကြည်မှုတွေ မြင့်တက်သထက် မြင့်တက်လာအောင် တည်ဆောက်ရတာ နည်းနည်းတော့ ခက်ခဲပါတယ်။
ဒီမှာတော့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှု နယ်ပယ်မှာ လေ့လာသင်ယူ လက်တွဲ ဆောင်ရွက်လိုသူတွေက လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိပြီးတော့ ချိတ်ဆက်ပေးနိုင်မယ့် ရိုးရှင်းလှတဲ့ မဟာဗျူဟာတွေကို ပြောပြချင်ပါတယ်။
1. ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို သတ်မှတ်ပါ
ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ လုပ်ဆောင်နိုင် စွမ်းအားတွေ ကိုသိတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်နယ်ပယ်မှာ ကျွမ်းကျင်သူလဲ ဆိုတာကို သတ်မှတ်ရ လွယ်ကူပါတယ် … ကိုယ့်ရဲ့ အသိပညာဗဟုသုတ၊ အတွေ့အကြုံ နဲ့ စွမ်းရည်တွေက ဘာတွေလဲ … ? ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။
2. ပရိတ်သတ်တွေရဲ့ အသံကို နားထောင်ပါ
ဝက်ဆိုဒ် ဒါမှမဟုတ် ဖေ့ဘုတ်ပေ့ဂ်ျ ဖန်တီးပြီးတော့ ကိုယ်ဦးတည်တဲ့ ပရိတ်သတ် တွေနဲ့ စကားပြောပါ … သူတို့ရဲ့ အတွေ့အကြုံတွေကို နားထောင်ပေးပါ။ ကိုယ်က ဘယ်လိုလူမျိုးလဲ ဘယ်အပိုင်းနဲ့ ပတ်သက်လို့ သိလဲဆိုတာကို ပရိတ်သတ်တွေကိုလည်း သိပါစေ … ။ ကိုယ့်ရဲ့ပေးချင်တဲ့ မက်ဆေ့ကို ပရိတ်သတ်တွေဆီ မျှဝေ ပေးသလို ပရိတ်သတ်တွေ ပြောချင်တာကိုလည်း နားထောင်ပေးပါ။
3. ကိုယ့်ရဲ့ ယုံကြည်စိတ်ချရမှုကို တည်ဆောက်ပါ
ကိုယ်ဘာသိလည်း … ဘာတွေမျှဝေပေးနိုင်လဲ ဆိုတာကို သတ်မှတ်ထားပါ၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာ အတွက် လုပ်နိုင်ကြောင်းကို ပြသပါ။ ကိုယ့်ရဲ့တိုးတက်လာမှု ဖြစ်စဉ်ကို သုံးသပ်ပြီး ကိုယ့်ရဲ့ ယုံကြည် စိတ်ချရမှု၊ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာကို သိနေပါစေ … ။
4. မျှပေးဝေမှု ရက်ရောပါစေ …
ပိုက်ဆံပေးမှ မျှဝေပေးတာမဟုတ်ပါဘူး … ၊ တကယ့်စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံမှု ဆိုတာ ယူရုံသက်သက်လည်း မဟုတ်ပါဘူး … ပေးမျှဝေခြင်းပါ။ ရက်ရောတဲ့သူတစ်ယောက်ဖြစ်စေဖို့အတွက် ကိုယ်နဲ့ ပတ်သက်ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှာ အတတ်နိုင်ဆုံး မျှဝေပေးပါ။ ပေါင်းသင်းဆက်ဆံရေးဆိုတာ အပေးအကမ်းရက်ရောခြင်းက တည်ဆောက်တာ ပိုပြီးတော့ ခိုင်မြဲပါတယ်။
5. ဘယ်ပဲရောက်ရောက် စကားပြောပါ
ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုနိုင်ဖို့အတွက် အစည်းအဝေးတွေ ဟောပြောပွဲတွေမှာ ဟောပြောဆွေးနွေး မျှဝေပါ။ ဟောပြောပို့ချမှုဟာ ပရိတ်သတ်တွေနဲ့ အဆက်အသွယ်ရ ရုံသာမက ကိုယ့်ရဲ့ ယုံကြည်ရမှုကိုလည်း ပိုတိုးစေပါတယ် … ။ ပညာရှင် အဖွဲ့အစည်း ဒါမှမဟုတ် ကုမ္ပဟီ အဖွဲ့အစည်းတွေနဲ့ တွဲဖက်ပြီးတော့ ဟောပြောပွဲတွေ ကျင်းပ မျှဝေပါ။ ပညာဒါန သင်တန်းတွေအပါအဝင် ကိုယ့်နယ်ပယ်နဲ့ ပတ်သက်တဲ့ နေရာတိုင်းမှာ အတတ်နိုင်ဆုံး ပါဝင်ဆွေးနွေး ပြောဆိုပါ။
6. ဘလော့ကို တိုးတက်နေပါစေ
ဘလော့ (သို့မဟုတ်) ဝက်ဆိုက် တွေဟာ ကမ္ဘာအနှံ့က ပရိတ်သတတွေနဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှု နယ်ပယ်ကို ဆုံးစည်းပေးတဲ့ နေရာ တစ်ခုပါ … ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်အသီးသီးကို ပြန်လည် ရေးသားပြီး စာရေးသူတစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ဖော်ပြနိုင်ပါတယ် … ။ ကိုယ့်ရဲ့ ဘလော့ (သို့) ဝက်ဆိုက် တိုးတက်နေဖို့ဆိုတာ ကိုယ်မျှဝေပေးတဲ့သူတွေ အတွက် အကျိုးရှိတဲ့ အရာတွေ သတင်းအချက်အလက်တွေ ပုံမှန် တင်ပေးနေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ပရိတ်သတ်တွေက ကိုယ့်ဆီက ရင်းမြစ်၊ ဗဟုသုတ တစ်စုံတရာ ရချင်တာကို သတိရပါ … ဒါကြောင့် အတတ်နိုင်ဆုံး အကောင်းဆုံးတွေ တင်ဆက်ပေးပါ။
7. ရင်းမြစ်တစ်ခု ဖြစ်ပါစေ
စာနယ်ဇင်းသမားတွေနဲ့ စာရေးဆရာတွေဟာ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို သူတို့ရဲ့ သတင်း၊ ဆောင်းပါး တွေမှာ ကိုးကားဖို့ ရှာဖွေလေ့ရှိပါတယ် … ။ Help a Reporter Out (HARO) or The Expert Connection (ProfNet) စတဲ့ ပရော်ဖက်ရှင်နယ် ဝက်ဆိုဒ်တွေနဲ့ ချိတ်ဆက်ထားပါ … အဲဒီလို ဝက်ဆိုက်ေ်တွက ကိုယ်နဲ့ ကိုယ့်ရဲ့ ပရိတ်သတ်ကို ချိတ်ဆက်ပေးပါတယ်။
8. ထုတ်ကုန်တစ်ခုခု ထုတ်လုပ်ပါ
ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေနဲ့ e-book၊ လစဉ်သတင်းလွှာ၊ စာအုပ် စသည်ဖြင့် ထုတ်ကုန် တစ်ခုခု ထုတ်လုပ်ပါ။ ဒါတင်မက သက်ဆိုင်ရာ နယ်ပယ်အတွက် သင်ကြားရေးဝန်းကျင်၊ အွန်လိုင်း(သို့) ဖုန်းနဲ့ စတာတွေနဲ့ စကားပြောတာမျိုး၊ အင်တာနက်က ဒေါင်းလော့ ဆွဲယူလိုရတဲ့ ရင်းမြစ်တွေ ဖန်တီးပေးတာမျိုး၊ ကိုယ့်ရဲ့ ဗွီဒီယို ဖိုင်တွေ တင်ပေးတာ စတာတွေနဲ့ ကိုယ့်ကိုယ်ကို Promote လုပ်ပါ။ အဲဒီလို ထုတ်ကုန်တွေအားလုံးကို အတတ်နိုင်ဆုံး အခမဲ့ မျှဝေပေးပါ။
9. ဆိုရှယ်မီဒီယာကို အသုံးချပါ
ကိုယ့်ရဲ့ အရည်အသွေးတွေကို ဖော်ပြဖို့အတွက် ဆိုရှယ်မီဒီယာက အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်နေပါတယ် … ။ LinkedIn, Twitter, Instagram, Facebook စတဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးချတတ်ပါစေ. ကိုယ့်ရဲ့ကျွမ်းကျင်မှုကို တန်းဖိုးတက်အောင် သုံးတတ်ပါစေ … ။
10. တစ်ပါးသူကို ကူညီပါ
ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ တတ်နိုင်သမျှ အခြားသူတွေကို ကူညီပေးတာကလည်း ကိုယ့်ရဲ့ ဂုဏ်သတင်းကို တိုးတက်စေပါတယ်။ ကိုယ်တတ်နိုင်သမျှ ကူညီပေးလေလေ သူတို့ကလည်းကိုယ့်အပေါ် ယုံကြည်မှု တိုးလာလေပါပဲ … ။
ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ဖို့အတွက် အားလုံးနဲ့ဆက်သွယ်ပါ၊ ကိုယ့်ရဲ့ လွှမ်းမိုးမှုကို ပိုပြီးတော့ အားကောင်းလာအောင် ဆောင်ရွက်ပါ။ ဆက်သွယ်ဆောင်ရွက်မှုတိုင်းကို အဓိပ္ပာယ်ရှိပြီးတော့ သိသာထင်ရှားပါစေ … ကိုယ့်ရဲ့ ပရိတ်သတ်တွေက ကိုယ့်ကို တစ်ခုခုမမေးခင်ကတည်း က ကိုယ့်ကို ယုံကြည်မှုရှိအောင် အဆင်သင့်ဖြစ်နေပါစေ … ။
“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ … ”
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be The Best !

Credit to Aung Ko U - UMK

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment