၂၀၁၆ မှာ လူငယ်တွေ ဘာတွေ ပြင်ဆင်ထားကြမလဲ … ? – (၂)




၂၀၁၆ မှာ လူငယ်တွေ ဘာတွေ ပြင်ဆင်ထားကြမလဲ … ? – (၂)
++++++++++++++++++++++++++++++++++++++++++++
မကြာခင် ကူးပြောင်းတော့မယ့် ၂၀၁၆ မှာ လူငယ်တွေ ကြိုတင်ပြင်ဆင်သင့်တဲ့ Soft Skills တွေ ထဲက (၄) ချက်ကို မနေ့က ရေးခဲ့ပါတယ် … ဒီနေ့ လည်း လိုအပ်တဲ့ အခြား အချက်တွေကို ဆက်ရေးပါမယ်
၅။ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်
-----------------------------------
လူဆိုတာ အပေါင်းအသင်းနဲ့ နေကြတာပါ၊ အလုပ်အကိုင်အခွင့်အလမ်း တွေရရှိဖို့လို ကိစ္စတွေ ကနေ ဘဝတစ်ခု အောင်မြင်ဖို့အတွက် အပေါင်းအသင်းရဲ့ ကဏ္ဍဟာ အရေးကြီးပါတယ်။ မိတ်ဆွေကောင်း တွေဟာ ကိုယ့်ဘဝရဲ့ ခရီးတစ်လျောက်မှာ များစွာသော စိတ်ပိုင်း ရုပ်ပိုင်း ငွေရေး ကြေးရေးအထိ အကူအညီပေးနိုင်ပါတယ် … ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေစေဖို့ အသေးစိတ် ရေးထားပါပြီ။ (ပြန်ရှာ ဖတ်နိုင်ပါတယ် … စကားချပ်)
၆။ ခေါင်းဆောင်မှု စွမ်းရည်
-----------------------------
အောင်မြင်ချင်တဲ့ လူငယ်တွေ … အလုပ်မှာ ရာထူးကြီးကြီးနဲ့ လုပ်ကိုင်ချင်တဲ့ လူငယ်တွေအတွက် ခေါင်းဆောင်မှု စွမ်းရည်ကလည်း အရေးပါပါတယ်။ ခေါင်းဆောင်ဆိုတာ ထောက်ခံသူ မရှိဘဲ ဖြစ်မလာ ပါဘူး၊ ကိုယ့်က အစုအဖွဲ့သေးသေးလေးမှာ ခေါင်းဆောင်ရသည်ဖြစ်စေ … အဲဒီအစုအဖွဲ့ရဲ့ ယုံကြည် ကိုးစားမှု ရရှိဖို့လိုပါတယ် … အဲဒီအတွက် အရေးကြီးဆုံးကတော့ စာရိတ္တပါ၊ ခေါင်းဆောင်မှု စွမ်းရည် အတွက် လူငယ် နှင့် ခေါင်းဆောင်မှု ဆိုတဲ့ စာစုမှာ အသေးစိတ် ရေးထားပါတယ်။ အဲဒီအထဲကမှ အရေးကြီးဆုံး တစ်ချက်က ရိုးသားမှုပါ၊ ရိုးသားမှု နဲ့ စာရိတ္တကို တည်ဆောက်ပြီး ခေါင်းဆောင်နိုင်ပါစေ … ။
၇။ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်
------------------------------------
လုပ်ငန်းတစ်ခုမှာ အဆင်ပြေချော့မွေ့အောင်မြင်ဖို့ဆိုတာ လုပ်ငန်းခွင်မှာ ပူးပေါင်းဆောင်ရွက် တတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့ကိစ္စတွေက တစ်ယောက်တည်း လုပ်လို့ရပေမယ့် တစ်ချို့ ကိစ္စတွေ က ပူးပေါင်းဆောင်ရွက်မှာသာ ရတာပါ။ တစ်ချို့တွေက တစ်ယောက်တည်း နေရတာကို ကြိုနှစ်သစ်တတ် ကြတဲ့အတွက် လုပ်ငန်းခွင်မှာ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းတတ်ပါတယ် … ။ တစ်ယောက်တည်း အေးအေးချမ်းချမ်းနေတာ ကောင်းတဲ့ အချက်တွေရှိပေမယ့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်တတ်ဖို့လည်း လိုပါတယ် … ။
၈။ စီမံခန့်ခွဲမှု စွမ်းရည်
-------------------------
လူတစ်ယောက် လုပ်ငန်းခွင်မှာ အဆင်ပြေဖို့အတွက်ရော ဘဝတစ်လျှောက်လုံး အောင်မြင်ဖို့ အတွက် စီမံခန့်ခွဲမှုစွမ်းရည်က အင်မတန် အရေးကြီးပါတယ် … ။ အဲဒီအထဲကမှ အချိန်ကို စီမံခန့်ခွဲနိုင်မှု နဲ့ ငွေကို စီမံခန့်ခွဲနိုင်ဖို့ ပိုလေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။ ဘဝတစ်ခု အပြောင်းအလဲကို လိုချင်ရင် အစစအရာရာ ပြောင်းလဲတိုးတက်အောင် လုပ်ရမှာ ဖြစ်တဲ့အတွက် အချိန်က တော်တော်လေး ရှားပါးပါလိမ့်မယ်။ တက်ရမယ့်သင်တန်းတွေကလည်းများ၊ အလုပ်တစ်ဖက်နဲ့ ပိုတောင်ဆိုးသေးတယ်၊ ပြီးတော့ ပြန်လည်လေ့ကျင့်မယ့် အချိန်က ရှိပါသေးတယ်။ (လူငယ် နဲ့ အချိန် စာစုမှာ အသေးစိတ် ရေးထားပါတယ်) နောက်တစ်ခုက ပိုက်ဆံပါ၊ ရတဲ့ဝင်ငွေနဲ့ ကုန်မယ့် ကိစ္စတွေကများ ဒီကြားထဲ အဝတ်အစား လေးဝယ်ချင်တာတွေရော …. ဖုန်းလဲချင်တာတွေရော ပတ်ဝန်းကျင်ရဲ လှုံ့ဆော်မှုတွေ ကြားမှ မနိုင်မနင်း တွေ ဖြစ်တတ်ပါတယ်။ (အဓိက နဲ့ သာမည ဆောင်းပါးမှာ ရေးခဲ့ပါပြီ)
အခုပြောတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အားလုံးကို အသေးစိတ် ဆောင်းပါးတွေ ရေးခဲ့ပါပြီ Wall မှာ အချိန်ပေးပြီး ပြန်ရှာဖတ်ပေးကြစေချင်ပါတယ် ..။
နောက်အချက်တွေကိုလည်း ဆက်ရေးပါဦးမယ် …
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to  Aung Ko U - UMK

မူရင်းလင့် => https://www.facebook.com/aungkouumk/photos/a.470390109754449.1073741828.470384666421660/793505350776255/?type=3
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment